နာရီပေါ်ကမျက်ရည်စက်များ

ငိုရင်ပုလဲ ရယ်ရင်ရွဲ အရာရာအားလုံး ပြည့်စုံတဲ့ အချစ်နဲ့

J / July 03, 2020

နာရီပေါ်ကမျက်ရည်စက်များ

ရေး/ဆို - ထူးအိမ်သင်

နာရီသံတွေဆူညံလွန်းနေ

ရင်ခုန်သံတွေမြန်တယ်အချစ်ရေ

ငိုချင်ပါတယ် မျှော်လင့်ခြင်းတွေ

တို့တစ်တွေသည်အချိန်ဟာ နောက်ဆုံးလား

နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း

ပါးပြင်ပေါ်မှာမျက်ရည်တွေဟာ

အချိန်နာရီတွေပါ်ကို

ကျော်လွန် ရေလို ဖြတ်ပြီး

စီးဆင်းနေဆဲ….ချစ်သူရေ…..

ကြင်နာတာတွေ ပြန်လည်တွေးရင်

နာကျင်ပါတယ် ကိုယ့်အသည်းတွေ

ယုံကြည်ချင်တယ် ကံတရားရေ

ပြန်ဆုံနိုင်မယ်ထင်သေးလား

ငိုရင်ပုလဲ ရယ်ရင်ရွဲ

အရာရာအားလုံးပြည့်စုံတဲ့ အချစ်နဲ့…

အခြေအနေမဲ့ရွှေငွေမဲ့

အရာရာအားလုံးရှုံးနေတဲ့

တို့…နှစ်ယောက်ရဲ့ ဘဝ

ဒါဟာနောက်ဆုံးပဲ

အချစ်ကလေးရယ်

ဒါဟာနောက်ဆုံးကွယ်…..

ဟန်ဆောင်နေတာလိမ်ညာခြင်းလေ

ပိုင်ဆိုင်ချင်တာဝန်ခံပါရစေ

မဆုံနိုင်တာဘာကြောင့်လဲမေ

တို့တစ်တွေသည်နေရာမှာနောက်ဆုံးလား

နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း

ပါးပြင်ပေါ်မှာမျက်ရည်တွေဟာ

အချိန်နာရီတွေပါ်ကို

ကျော်လွန် ရေလို ဖြတ်ပြီး

စီးဆင်းနေဆဲ….ချစ်သူရေ…..

တကယ်ကြင်နာမြတ်နိုးနေ

မပန်ခင်မှာမခြွေရက်ဘူးလေ

တစ်ချိန်ချိန်ကို ကိုယ်မျှော်လင့်နေ

ပြန်ဆုံနိုင်မယ်ထင်သေးလား

ငိုရင်ပုလဲ ရယ်ရင်ရွဲ

အရာရာအားလုံးပြည့်စုံတဲ့အချစ်နဲ့

အခြေအနေမဲ့ရွှေငွေမဲ့

အရာရာအားလုံးရှုံးနေတဲ့

တို့ နှစ်ယောက်ရဲ့ ဘဝ

ဒါဟာနောက်ဆုံးပဲ

အချစ်ကလေးရယ်

ဒါဟာနောက်ဆုံးကွယ်…..

ဒါဟာနောက်ဆုံး..ပဲ….

Copy Link