ဟောင်းနွမ်းခဲ့သောနေ့ရက်လေးများ

Days Of Getting Old

J / July 02, 2020

ဟောင်းနွမ်းခဲ့သောနေ့ရက်လေးများ

ရေး - တာရာ

ဆို - ထူးအိမ်သင်

ကြင်နာစွာ ဖေးမပေးမယ့်ချစ်သူ

အခုတော့ ဘယ်မှာလဲ

အဆိပ်သင့်စေတဲ့ အပြုံးတွေ

ရင်ထဲစွဲ …. ဟိုး ..

အချစ်တွေစုဝေးရာ

ဒီကမ္ဘာ ကောင်းကင်ပြာအောက်မှာ

မေ့မရလွန်းတဲ့ အတိတ်တွေ

ကြေကွဲသွား

ငါ့မိုးပြို အိပ်မက်ကမ္ဘာ

ငါ့ညတွေ ခြောက်ခြားသွား

မင်းထားခဲ့တဲ့ အနမ်းတွေ

ပြန်တမ်းတ

တို့တစ်တွေ ဝေးပြီကွယ် ရင်မှာငိုမိခဲ့

ကိုယ်လေနားလည် ခွင့်လွှတ်ကာချစ်ခဲ့

ကြင်နာစွာ ဖေးမပေးမယ့်ချစ်သူ

အခုတော့ ဘယ်မှာလဲ

အဆိပ်သင့်စေတဲ့ အပြုံးတွေ

ရင်ထဲစွဲ

ရင်ခုန်စရာ ပေးခဲ့ဖူးတဲ့ အနမ်းတွေ

တမ်းတ ကျန်ရစ်ခဲ့

တိတ်ဆိတ်ကြေကွဲရင်းလေ

တစ်ယောက်ထဲ ဆွေး…

တစ်နေ့မှမမေ့နိုင်ခဲ့

သတိရလွမ်းနေဆဲ

ရင်ခွင်သစ်မှာ မှေးစက်ပျော်ပြီလားကွယ်

ဒီမှာ ငါ့မှာအဖော်မဲ့စွာ

မပြီးဆုံးသေးတဲ့ ငါ့အသက်ပန်းချီကား

ငှက်တွေ အဖော်မဲ့နေ

ငါ့အထီးကျန်မြင်ကွင်းများ

လှပလွန်းတဲ့ဆည်းဆာ

ပျောက်ဆုံးသွား

အို တို့တစ်တွေ ဝေးပြီကွယ်

ငါ ရင်မှာငိုမိခဲ့

ရင်ခုန်ခြင်းဟာ အသက်မဲ့ငြိမ်သက်ခဲ့

ကြင်နာစွာ ဖေးမပေးမယ့်ချစ်သူ

အခုတော့ ဘယ်မှာလဲ

အဆိပ်သင့်စေတဲ့ အပြုံးတွေ

ရင်ထဲစွဲ

ရင်ခုန်စရာ ပေးခဲ့ဖူးတဲ့ အနမ်းတွေ

တမ်းတ ကျန်ရစ်ခဲ့

တိတ်ဆိတ်ကြေကွဲရင်းလေ

တစ်ယောက်ထဲ ဆွေး…

တစ်နေ့မှမမေ့နိုင်ခဲ့

သတိရလွမ်းနေဆဲ

ရင်ခွင်သစ်မှာ မှေးစက်ပျော်ပြီလားကွယ်

တို့တစ်တွေ ဝေးပြီကွယ် ကိုယ်..ရင်မှာငိုမိခဲ့

ကိုယ်လေနားလည် ခွင့်လွှတ်ကာချစ်ခဲ့

ကြင်နာစွာ ဖေးမပေးမယ့်ချစ်သူ

အခုတော့ ဘယ်မှာလဲ

အဆိပ်သင့်စေတဲ့ အပြုံးတွေ

ရင်ထဲစွဲ

ရင်ခုန်စရာ ပေးခဲ့ဖူးတဲ့ အနမ်းတွေ

တမ်းတ ကျန်ရစ်ခဲ့

တိတ်ဆိတ်ကြေကွဲရင်းလေ

တစ်ယောက်ထဲဆွေး ………..

Copy Link