ဆွေးတယ်

ဆွေးတယ်

J / July 03, 2020

ဆွေးတယ်

လ ရောင်ထဲ ကိုယ်လမ်းလျှောက်ချင်တယ်
ဘယ်ကိုရောက် နေလဲ မစဉ်းစားဘူးကွယ်
အိုး … အချစ်ရယ်
သွားကြစို့လာနှစ်ယောက်တည်း သီချင်းလေးညည်းမယ်
တွေးကြည့်ကိုယ်သိပ်ပျော်မှာပဲ

ချစ် သူရဲ့ အရိပ်ကလေးဖြစ်ချင်တယ်
ဒီလိုချစ် နေတာ တို့မှားသွားလားကွယ်
အ်ုး … ခက်တယ် တို့နှစ်ယောက်အချစ်ကို
ဘာကြောင့်ခွဲရက်ကြတယ် ခုတော့ကိုယ်သိပ်ငိုချင်တယ်

ကြင်နာသူလဲ ခုလောက်ဆိုလွမ်းလို့နေမယ်
နှလုံး သား အချင်းချင်းနားလည်
ကိုယ်တိုင်လည်း စဉ်းစားရင်ကျမျက်ရည်ဝဲ
အသည်းများ ကွဲသွားမလားကွယ်
ဆွေးတယ်
အိုး … ဆွေးတယ်

သူ့ရင်ထဲ ကိုယ်အမြဲရှိနေမယ်
ဘာတွေဖြစ်နေလဲ မတွေးတော့ဘူးကွယ်
အိုး … အချစ်ရယ် ချစ်ခဲ့ကြတာ
အိမ်မက်လေးများလားကွယ်
ခုတော့ကိုယ်လွမ်းနေမှာပဲ

ကြင်နာသူလဲ ခုလောက်ဆိုလွမ်းလို့နေမယ်
နှလုံး သား အချင်းချင်းနားလည်
ကိုယ်တိုင်လည်း စဉ်းစားရင်ကျမျက်ရည်ဝဲ
အသည်းများ ကွဲသွားမလားကွယ်
ဆွေးတယ်
အိုး … ဆွေးတယ်

လ ရောင်ထဲ ကိုယ်လမ်းလျှောက်ချင်တယ်
ဘယ်ကိုရောက် နေလဲ မစဉ်းစားဘူးကွယ်
အိုး … အချစ်ရယ်
သွားကြစို့လာနှစ်ယောက်တည်း သီချင်းလေးညည်းမယ်
တွေးကြည့်ကိုယ်သိပ်ပျော်မှာပဲ

ကြင်နာသူလဲ ခုလောက်ဆိုလွမ်းလို့နေမယ်
နှလုံး သား အချင်းချင်းနားလည်
ကိုယ်တိုင်လည်း စဉ်းစားရင်ကျမျက်ရည်ဝဲ
အသည်းများ ကွဲသွားမလားကွယ်
ဆွေးတယ်

အိုး … ကြင်နာသူလဲ ခုလောက်ဆိုလွမ်းလို့နေမယ်
နှလုံး သား အချင်းချင်းနားလည်
ကိုယ်တိုင်လည်း စဉ်းစားရင်ကျမျက်ရည်ဝဲ
အသည်းများ ကွဲသွားမလားကွယ်
ဆွေးတယ်
အိုး … ဆွေးတယ်

Copy Link