ကောင်းကင်ထဲက မြစ်တစ်စင်း
တေးရေး - မြင့်မိုးအောင်
တေးဆို - ထူးအိမ်သင်
အဝေးက မိုးကောင်းကင်ထဲမှာ
ငါ့အလွမ်းငှက်ငယ်လေးတစ်ကောင်
မင်း အနောက်လိုက်ရှာနေ …
မင်း ဘယ်နေရာမှာလဲအချစ်
ကမ္ဘာမြေ တစ်ဖက်စွန်းအထိ
ငါ ပျံသန်းလာမယ် …
တစ်နေ့တော့ ငါမင်းနဲ့ဆုံတွေ့မယ်
ငါ ယုံကြည်ထားနေဆဲ
အဆုံးမဲ့ မျှော်လင့်ချက် …
လုံးဝနောက်မဆုတ်နိူင်ဘူး အချစ်
ဒီနံရံများစွာလည်း ငါချိုးဖျက်လာခဲ့မယ်
အလင်းရောင်လေးရေ
ဘယ်ဆီမှာမင်း လင်းလက်လို့နေလဲ
ဟိုအဝေးက မင်းလေးရဲ့ခေါ်သံ
ခြေရာခံရင်း တွေ့တဲ့ထိရှာမယ် …..
အဆုံးမဲ့တဲ့ အချစ်ရဲ့ မြစ်တစ်စင်းပေါ့
ဒါဟာ ငါ့ရဲ့မျှော်လင့်ချက်
အို စီးဆင်းသွားနေဆဲ
တစ်ချိန်မှာ အပြာရောင်အနမ်းတွေနဲ့
ငါဟာ မင်းရဲ့ရင်ထဲသို့
ခိုဝင်ရောက်လာမယ် …
အိုး … မင်းသိနိုင်မလားအချစ်
အဝေးဆုံး မြစ်တစ်စင်းနဲ့
ဒို့ နှစ်ယောက်ရဲ့ ကောင်းကင် …
အချစ်က အပြီးသတ်နိုင်ရမယ်
အမှန်တရား တစ်ခုပဲ
တစ်နေ့ ပြန်ဆုံတွေ့မယ် … …
အလင်းရောင်လေးရေ
ဘယ်ဆီမှာမင်း လင်းလက်နေဦးမလဲ
ဟိုအဝေးက မင်းလေးရဲ့ခေါ်သံ
ခြေရာခံရင်း တွေ့တဲ့ထိရှာမယ် …
အဝေးက မင်းလေးရဲ့အသံလေးတွေ
ခြေရာခံရင်း တွေ့တဲ့အထိရှာမယ်
အပြာရောင် မြစ်တစ်စင်း …..
ရင်မှာ စီးဆင်း …….
အလင်းရောင်လေးရေ
ဘယ်ဆီမှာမင်း လင်းလက်နေလဲကွယ်
ဟိုအဝေးက မင်းလေးရဲ့ခေါ်သံ
ခြေရာခံရင်း တွေ့တဲ့ထိရှာမယ် …
အိုး … အချစ်ရေ
လင်းလက်နေမှာလဲ
အဝေးက ချစ်ဆုံးလေးရဲ့ခေါ်သံ
ခြေရာခံရင်း တွေ့တဲ့အထိသွားမယ်
ဘယ်ဆီမှာများ လင်းလက်နေမှာလဲ
အပြာရောင် မြစ်တစ်စင်း
စီးဆင်းနေဆဲကွယ် ……..