ပြန်မလာတော့ဘူးကွယ်
ပြန်မလာတော့ဘူးကွယ်
ထူးအိမ်သင်
ပြန်မလာတော့ဘူးကွယ် ကိုယ်ထွက်သွားတော့မယ်
ကြင်နာသူနဲ့ ဝေးရာ ဝေး အဝေး ဝေး
နှလုံးသားက နာကျင်စွာနဲ့ နောက်ဆုံး
နှုတ်ဆက်ခဲ့တယ်
ကိုယ်အလိုချင်ခဲ့ဆုံးအရာ
ဘဝမှာ ချစ်ခြင်းမေတ္တာ ရယူပိုင်ဆိုင်ခွင့်
မရှိတော့ ဆွေး အဆွေး ဆွေး
မမေ့တတ်ခဲ့သူသာရင်ထဲ ဟူး တမ်းတနေမယ်
ရင်ဆိုင်ရင်းရှုံးနိမ့်ရင်း ကိုယ့်ဘဝမှာ
ဖျောက်ဖျက်မရတဲ့ အမှားများ
မျှော်လင့်ရင်း ဆုံးရှုံးရင်းနှလုံးသားမှာ
ဒဏ်ရာတွေ ပြည့်နှက်ခဲ့တယ် ကြေကွဲ
မဆုံနိုင်တော့ဘူးကွယ်
မင်းကိုကိုယ်ချစ်ခဲ့တယ်
တို့ရင်ခုန်သံများ အဝေးမှာ
ဝေးမြဲ ဝေးဆဲ အေးခဲ
ရက်စက်တဲ့ကံကြမ္မာကိုပဲ ဟူး သိပ်စိတ်နာတယ်
ရင်ဆိုင်ရင်း ရှုံးနိမ့်ရင်း ကိုယ့်ဘဝမှာ
ဖျောက်ဖျက်မရတဲ့ အမှားများ
မျှော်လင့်ရင်း ဆုံးရှုံးရင်းနှလုံးသားမှာ
ဒဏ်ရာတွေ ပြည့်နှက်ခဲ့တယ် ကြေကွဲ
ကိုယ့်ရင်ထဲ
ပြန်မဆုံနိုင်တော့ဘူးကွယ်
မင်းကိုကိုယ်ချစ်ခဲ့လည်း
တို့ရင်ခုန်သံများ အဝေးမှာ
ဝေးမြဲ ဝေးဆဲ အေးခဲ
ရက်စက်တဲ့ ကံတရားပဲ ကိုယ် သိပ်နာကြည်းတယ်
နောက်ဆုံးနှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်
ကိုယ် သွားပြီကွယ်
အဝေး
https://www.youtube.com/watch?v=u3FbDNGRVrc