တကယ်လို့များ

တကယ်လို့များ

J / July 01, 2020

တကယ်လို့များ

ရေး- မြင့်မိုးအောင်..
ဆို.. ထူးအိမ်သင်

တကယ်လို့များ
မင်းအပြုံးလေးများ မရှိရင်
ဘယ်ပွင့်မလဲ ပန်းလေးတွေ
အလှကင်းမဲ့ လောကအလယ်
ကိုယ်ဘယ်လို နေရမလဲ

တကယ်လိုများ အိမ်မက်လေးများထဲမှာ

ဆုံစည်းခွင့် မရှိခဲ့ရင်
ကိုယ်အိပ်စက်မယ့် ညတွေ
အို … ဘယ်လိုကုန်ဆုံးမလဲ

တကယ်ဆို တို့နှစ်ဦး

ဝေးလို့တော့ မဖြစ်နိုင်ဘူး
ကိုယ်ရဲ့ အနားမှာ
မင်းအမြဲ ရှိနေ …

တကယ်လိုများ ကိုယ့်အတွေးလေးများထဲမှာ

အချစ်ဆုံး မင်းမရှိခဲ့ရင် … …
ဆိုညည်းမယ့် သီချင်းလေးတွေ
ဘယ်လို ချိုနိုင်ဦးမလဲ

တကယ်လိုများ ရက်စက်တဲ့လောကအလယ်

ကြွေကျမယ့် သစ်ရွက်လို
ကိုယ် တမ်းတမိခဲ့ချိန်
ဘယ်ရင်ခွင် ခိုနားမလဲ

တကယ်ဆို တို့နှစ်ဦး

ဝေးလို့တော့ မဖြစ်နိုင်ဘူး
မင်းမရှိတဲ့ ကမ္ဘာ
စွန့်ခွာ … မယ်လေ ဟိုအဝေး …

https://www.youtube.com/watch?v=OiAjTKq6QGo

Copy Link