မျက်စိမှိတ်ချစ်နေမယ်
ရေး - ဟဲလေး
ဆို - ထူးအိမ်သင်/မို့မို့
မပီပြင်ဝိုးတဝါး အချစ်တခုတည်း
ခုံမင်နှစ်သက်လို့နေခဲ့
ယုံတမ်းစကားပြောကာ ချစ်ပြလိုက်တာ
ပျော်နေသူပါကွယ်
နွေရာသီလမ်းလေး လှနေဆဲ
ကိုယ်နဲ့မင်းနဲ့လည်း အတူပဲ
ချစ်ခြင်းဖွဲ့စကားတွေ ပြောခဲ့ကြတာ
ပြန်မြင်ယောင်နေတယ်
အချစ်တွေ မကုန်းဆုံးဘူး မပျက်သုဥ်းဘူး
ကိုယ်တယောက်တည်း ချစ်ပြပါ့မယ်
သူ့စိတ်ကူးထဲ ကိုယ်မရှိခဲ့
အချိန်ရယ်ကြာပြီပဲ
အို…တို့အချစ်က
လှောင်ရယ်စရာများ… ဖြစ်နေလား
မင်းရဲ့အမြင်နဲ့ တဖက်သက်အမှား
ကိုယ်နာကျင်စွာနဲ့ ဆက်ချစ်သွားခဲ့တာ
တချိန်မှာ ဝေးကြရဖို့
တချိန်က သိပ်ချစ်ခဲ့တာလား
မပြတ်သားတဲ့အချစ်ကို အဆုံးသတ်ချင်လိုက်တာ
အိပ်မက်လေးလဲ သိပ်ကြေကွဲ
အချိန်တွေခြားလို့ လွင့်ပျယ်ခဲ့
ဘာမှန်းမသိတဲ့ အချစ်အပေါ်
အလေးအနက်ထားတာ
ကိုယ်လွန်ပြီထင်တယ်
နွေရာသီလမ်းလေး လှနေဆဲ
ကိုယ်နဲ့မင်းနဲ့လည်း အတူပဲ
ချစ်ခြင်းဖွဲ့စကားတွေ ပြောခဲ့ကြတာ
ပြန်မြင်ယောင်နေတယ်
အချစ်တွေ မကုန်းဆုံးဘူး မပျက်သုဥ်းဘူး
ကိုယ်တယောက်တည်း ချစ်ပြပါ့မယ်
သူ့စိတ်ကူးထဲ ကိုယ်မရှိခဲ့
အချိန်ရယ်ကြာပြီပဲ
အို…တို့အချစ်က
လှောင်ရယ်စရာများ ဖြစ်နေလား
မင်းရဲ့အမြင်နဲ့ တဖက်သက်အမှား
ကိုယ်နာကျင်စွာနဲ့ ဆက်ချစ်သွားခဲ့တာ
တချိန်မှာ ဝေးကြရဖို့
တချိန်က သိပ်ချစ်ခဲ့တာလား
မပြတ်သားတဲ့အချစ်တွေ အဆုံးသတ်ချင်လိုက်တာ
ရင်မှာမီးလိုလောင်ကျွမ်းလို့
ကိုယ်.အသည်းလေးလဲ မချိအောင်ပဲ
ခံစားရတော့မှာ ဘယ်အချိန်အထိလဲ
အို…အနာဂတ်များစွာ ပျက်စီးလို့
သူလေးကိုယ့်ဘက် မရှိပေမယ့်
မျက်စိမှိတ်ကာ အခုထိ ချစ်နေမယ်
မျက်စိမှိတ်ကာ အခုထိ… ချစ်နေမယ်…