အလွမ်းရဲ့ မီးလျှံများ

Flame Of Longing

J / July 02, 2020

အလွမ်းရဲ့ မီးလျှံများ

ရေး - မြင့်မိုးအောင်

တေးဆို - ထူးအိမ်သင်

အမြန်လာပါ အိမ်မက်လေးရေ

ဒီအချိန် အပြင်မှာရက်စက်တဲ့ညတွေ

မင်းရဲ့ ကမ္ဘာမြေထဲ

သူ့မျက်နှာလေးအား

ယူဆောင်ပေးပါလားကွာ

ရင်မှာဒဏ်ရာ အို ဝေးလွင့်သွားအောင်

အမြန်လာပါ အိမ်မက်လေးရေ

အရင်လို ငါဟာသူ့ရဲ့နှုတ်ခမ်းလေးတွေ

တမ်းတနေပြီလေ သူ့ရဲ့အသံလေးများ

ပြန်လည်ကြားယောင်တဲ့အခါ

အို ဝေးလွင့်သွားမယ်

အလွမ်းရဲ့ မီးလျှံများ

အပြင်ကမ္ဘာမှာ တို့နှစ်ယောက်ဝေးနေဆဲ

ဒါပေမယ့် မင်းအရှေ့မှာ

ကိုယ်ခဏလေးတွေ့ခွင့်ရရင်

ပြန်ဆုံပါရစေ အိမ်မက်လေးရေ အို

အပြင်ကမ္ဘာမှာ တို့နှစ်ယောက်ဝေးနေဆဲ

ဒါပေမယ့် မင်းအရှေ့မှာ

ကိုယ်ခဏလေးတွေ့ခွင့်ရရင်

ပြန်ဆုံပါရစေ အိမ်မက်လေးရေ အို

အမြန်လာပါ အိမ်မက်လေးရေ

ဒါဟာ တို့ရဲ့ တကယ့်ဘဝလို

အမြဲတမ်း ယုံကြည်မယ်

ရက်စက်ညများထဲ

တခါပြန် မနိုးခင်ထိလေ

အို ဝေးလွင့်သွားမယ်

အလွမ်းရဲ့မီးလျှံများ …

(အမြန်လာပါ အိမ်မက်လေးရေ

အရင်လို ငါဟာသူ့ရဲ့နှုတ်ခမ်းလေးတွေ

တမ်းတနေပြီလေ

သူ့ရဲ့အသံလေးများ)

ပြန်လည်ကြားယောင်တဲ့ အို

ဝေးလွင့်သွားမယ်

အလွမ်းရဲ့ မီးလျှံများ …

(အမြန်လာပါ အိမ်မက်လေးရေ

အရင်လို ငါဟာသူ့ရဲ့နှုတ်ခမ်းလေးတွေ)

တမ်းတနေမိနေဆဲ

(သူ့ရဲ့အသံလေးများ

ပြန်လည်ကြားယောင်တဲ့ အခါ)

အလွမ်းရဲ့ မီးလျှံများ …

(အမြန်လာပါ အိမ်မက်လေးရေ

အရင်လို ငါဟာသူ့ရဲ့နှုတ်ခမ်းလေးတွေ)

အမြဲတမ်းတနေဆဲ

Copy Link