ပထမအသည်းကွဲဇာတ်လမ်း

ပထမအသည်းကွဲဇာတ်လမ်း

J / July 01, 2020

ပထမအသည်းကွဲဇာတ်လမ်း

ရေး - ဝင်းမင်းထွေး ဆို - ထူးအိမ်သင်

အတွေးလေးထဲ ပြန်စဥ်းစားလိုက်တော့
ဒီဆေးပျက် ပန်းချီကားလေးဟာ
အသစ်ဖြစ်ခဲ့

အရောင်တွေလင်းပြီးတော.လက်လာ ငါမရခဲ့တဲ့
အတိတ်ဘဝက နှလုံးသားအချစ်ရဲ့တစ္ဆေ
ဇွတ်ရင်ခွင်ကို ဝင်လာ
ကြေကွဲအောင်ထားခဲ့သလား

အို သူ့အမုန်းများနဲ့ရေးချစ်ခဲ့ အသည်းကွဲဇာတ်လမ်းလေး
အို ငါ့ရဲ့အချစ်တွေ ဖူးသစ်စက ချိုးလို့ချေမွသွား
သူဟာအစိမ်းလိုက်ခွဲပြီး အသည်းကိုလွှင့်ပစ်ခဲ့
အဝေးကိုထွက်သွား
တသက်လုံးမေ့မရတော့ နှလုံသားထဲက လန့်
ဒီရင်ထဲ ဆေးရုပ်ထိုးထား
အသည်းက ထင်စွဲဖျောက်ဖျက်မရ
ငါတော့သွေးပျက်လို့ ရုန်းထွက်ဖို့ ကြိုးစားလည်း
မလွတ်မြောက်တော့ပြီ

ဘဝရဲ့အစက တို့သိပ်ချစ်ခဲ့ကြ
ပြောင်းလဲခြင်းတရားလည်း တို့မသိခဲ့ကြ
အိုး…..အချစ်စစ်
ကျောင်းခန်းဘက်ပြေးလို့သွား ငါရဲ့မိန်းကလေးက
အခန်းတံခါးဝသို့အရောက် ပြန်လှည့်ကြည့်လိုက်
ရယ်မလိုလို အကြင်နာအပြုံးလေး
ရင်မှာလှုပ်ရှားသွား

အို သူ့အမုန်းများနဲ့ရေးချစ်ခဲ့ အသည်းကွဲဇာတ်လမ်းလေး
အို ငါ့ရဲ့အချစ်တွေ ဖူးသစ်စက ချိုးလို့ချေမွသွား
သူဟာအစိမ်းလိုက်ခွဲပြီး အသည်းကိုလွှင့်ပစ်ခဲ့
အဝေးကိုထွက်သွား
တသက်လုံးမေ့မရတော့ နှလုံသားထဲက လန့်
ဒီရင်ထဲ ဆေးရုပ်ထိုးထား
အသည်းက ထင်စွဲဖျောက်ဖျက်မရ
ငါတော့သွေးပျက်လို့ ရုန်းထွက်ဖို့ ကြိုးစားလည်း
မလွတ်မြောက်တော့ပြီ

အိုး….မိုးများခြိမ်းလို့ လျှပ်စီးများလည်လက်
ဒီလိုညမျိုးရောက်ခဲ့တော့ ကံဆိုးမိုးမှောင်
သူ့ရဲ့အကြောင်း ရုတ်တရက်ပဲကြား အဝေးပြောင်းရွေ့သွား
သူငါ့ကိုလည်းမုန်းသတဲ့ စကားတဆင့်ပါး
ဒီအချစ်ဇာတ်လမ်းလေး ဒီမှာဆုံး….

Copy Link