ချစ်တိုင်းလည်းမညား
သစ်ရွက်ကလေးတွေလဲ မြေမှာခလို့လွှင့်ကြွေမြဲ
အဖော်မဲ့နှုတ်ခမ်းများလဲ ညင်သာတီးတိုးရွတ်ဆိုဆဲ
အနမ်းပန်းများသည်လဲ ကြွေကာခမ်းခြောက်ရစ်ပြီကွယ်
အချစ်ရဲ့လိပ်ပြာလေး ဘယ်မှာပုန်းလို့နားပြီလဲ
အဖော်ကွဲတဲ့ငှက်ကလေးများ အပေါ်ကိုသာငေးငေးကြည့်ရင်းနဲ့သာ
နှလုံးသားမျက်ရည်များကျဆင်းလာ
သူပေးတဲ့ချစ်အနမ်းများ ပြန်လည်ကာတွေးတောစိတ်မောမိတာ အေးမြပါးပြင်သည်ပူနွေးလာ
ကတိစကားများကိုလဲ မြေလှန်ပြန်ရှာရင်း
ဘဝအသစ်များပေါ်လဲ ညင်သာစွာလျှောက်လှမ်းရင်း
ချစ်တိုင်းလဲမညား စကားကိုသာ တီးတိုးရေရွတ်မိတာ
ကိုယ့်နှလုံးသားအသည်းအိမ်မှာ အချစ်များစွာ
သူပေးတဲ့အချစ်များကိုသာ ထွေးပိုက်နေတုန်းအခိုက်မှာ
ကိုယ့်နှလုံးသားအသည်းတစ်နေရာ အချစ်ပေးတဲ့ဒါဏ်ရာများ
အိုးအချစ် ……………..