အဓိပတိလမ်းက ခြေရာများ

အဓိပတိလမ်းက ခြေရာများ

J / July 02, 2020

အဓိပတိလမ်းက ခြေရာများ

အဓိပတိလမ်းမထက် အတိတ်က တို့ခြေရာများ
ထင်တိုင်းဝေးလွှင့်လို့သွား အားလုံးပျောက်ကွယ်လေပြီ
ရာသီတွေ ချာချာလည်မှုန်ဝါး
အတိတ်ကခြေသံ တိုးတိုးသွား
တို့နှစ်ယောက် တကယ်ကို ဝေးခဲ့ကြပြီလား

ပွင့်သစ်စရနံ့ဆွတ်ပျံ့
ခုတော့ ပျောက်ပျယ်လွှင့်ပါး
ပြောင်းလဲခြင်းများရဲ့ မျက်ရည်တို့
ဘဝကိုဖြတ်ကျော်တာကြုံတယ်
ဒဏ္ဍာရီလိုလို ဝေဝေဝါး
အတိတ်ကခြေသံ တိုးတိုးသွား
ဒီမှာ တို့နှစ်ယောက် တကယ်ကို ဝေးခဲ့ကြပြီလား

အို အဓိပတိလမ်းမလဲ အရင်လိုပါလား
အို တို့နှစ်ယောက်ရဲ့ အချစ်တွေ မခိုင်မြဲကြ
အချစ် တွေးမိရဲ့လား တို့ရဲ့အဖြစ်များ
အားလုံးပြောင်းလဲသွားခဲ့ပေါ့ ယုံနိုင်မလား …

အဓိပတိလမ်းထက် လျှောက်ခဲ့ကြ တို့ခြေရာများ
အမြဲတမ်းတွဲသော မခွဲတမ်းလျှောက်ခဲ့
အို အချစ်တဲ့လား
ကမ္ဘာတည်အောင်ခြေရာတွေ ကျန်နေရစ်မလား
အခုတော့ ဘယ်လိုဖြစ်ခဲ့သလဲ
ကြင်နာသူတွေ တကယ်ကို
အို ဝေးခဲ့ပြီတဲ့လား

အို အဓိပတိလမ်းမလဲ အရင်လိုပါလား
အ်ု တို့နှစ်ယောက်ရဲ့ အချစ်တို့ မခိုင်မြဲကြ
အချစ် တွေးမိရဲ့လား တို့ရဲ့အဖြစ်များ
အားလုံးပြောင်းလဲသွားခဲ့ပေါ့ ယုံနိုင်မလား

အို အဓိပတိလမ်းမလဲ အရင်လိုပါလား
အ်ု တို့နှစ်ယောက်ရဲ့ အချစ်တို့ မခိုင်မြဲကြ
အချစ် တွေးမိရဲ့လား တို့ရဲ့အဖြစ်များ
အားလုံးပြောင်းလဲသွားခဲ့ပေါ့ ယုံနိုင်မလား

Copy Link