သီချင်းများနဲ့လူ

သီချင်းများနဲ့လူ ဒီကမ္ဘာကို

J / July 16, 2020

သီချင်းများနဲ့လူ

ဆို - ထူးအိမ်သင်

အလှတရားများ ထွန်းကားဖြန့်ကျက်ဖို့ အနှောင့်ယှက်ရှိသမျှ ခွင်းပစ်ဖို့ သီချင်းတစ်ပုဒ်က မြားတစ်စင်းဖြစ်ပါစေ …

လောဘ ဆူးငြောင့် ဆူးခက်တို့ ခရီးသွားလမ်းတစ်လျှောက် ရှင်းပစ်ဖို့ သီချင်းတစ်ပုဒ်က ဓားတစ်လက်ဖြစ်ပါစေ …

သီချင်းများနဲ့လူ ဒီကမ္ဘာကိုအကြင်နာပို ကာကွယ်နိုင်ပါစေသားကွယ် … … သီချင်းနဲ့လူ ဒီကမ္ဘာကိုသာယာလာအောင် ကူညီနိုင်ပါစေသားကွယ် … …

ဒီလောကကြီး အမြဲလှပဖို့ နှလုံးသွေး ပေးဆပ်ပြုစုလို့ သီချင်းတစ်ပုဒ်ကြောင့် ပန်းတစ်ခင်းဖြစ်ပါစေ …

မြူခိုးဆီးနှင်းတို့ ကျတဲ့ခဏ ကြယ်လေးများမလင်းတဲ့ လမိုက်ည သီချင်းတစ်ပုဒ်ကြောင့် အလင်းဖြစ်ပါစေ …

သီချင်းများနဲ့လူ ဒီကမ္ဘာကိုအကြင်နာပို ကာကွယ်နိုင်ပါစေသားကွယ် … … သီချင်းနဲ့လူ ဒီကမ္ဘာကိုသာယာလာအောင် ကူညီနိုင်ပါစေသားကွယ် … …

ခွန်အားများကင်းမဲ့ စိတ်ဓါတ်ကျ ခေါင်းငုံ့ဒူးထောက် မျက်ရည်ဝေ့တဲ့ဘဝ သီချင်းတစ်ပုဒ်နဲ့ အင်အားသစ်ဖြစ်ပါစေ …

လူသားရဲ့အတ္တ အစွန်းမရောက်ဖို့ ဒေါသမီးများ ငြိမ်းအေးဖို့ သီချင်းလေးတစ်ပုဒ်နဲ့ နူးညံ့ပျော့ပျောင်းစေ …

သီချင်းများနဲ့လူ ဒီကမ္ဘာကိုအကြင်နာပို ကာကွယ်နိုင်ပါစေသားကွယ် … … သီချင်းနဲ့လူ ဒီကမ္ဘာကိုသာယာလာအောင် ကူညီနိုင်ပါစေသားကွယ် … … သီချင်းနဲ့လူ ဒီကမ္ဘာကိုသာယာလာအောင် ကူညီနိုင်ပါစေသားကွယ် … …

အလှတရားများထွန်းကား ဖြန်ကျက်ဖို့ အနှောင့်ယှက်ရှိသမျှ ခွင်းပစ်ဖို့ သီချင်းတစ်ပုဒ်က မြားတစ်စင်းဖြစ်ပါစေ …

မြူခိုး ဆီးနှင်းတို့ ကျတဲ့ခဏ ကြယ်လေးများမလင်းတဲ့ လမိုက်ည သီချင်းတစ်ပုဒ်ကြောင့် အလင်းဖြစ်ပါစေ

Copy Link