မေ့လိုက်တော့

J / July 02, 2020

မေ့လိုက်တော့

ရေး/ဆို - ထူးအိမ်သင်

ယုံကြည်တာတွေ အားလုံးစွန့်လွှတ်ခဲ့ပါတယ်

တို့အချစ်ကဆုံနိုင်ဖို့ သိပ်မလွယ်

ရေမှာအရုပ် ရေးမိသူလိုပဲ

အချစ်ဟာ အရာမထင်တယ်

ပျော်မယ်ဆိုနေခဲ့ပေါ့ ချစ်ရတဲ့သူရယ် အရှုံးပေးခဲ့ပြီ ကျေနပ်တော့ကွယ်

ရေလို ဘဝအေးမြပါစေအချစ်ရယ် တို့ဆုတောင်းပါတယ်

ပန်းခင်းလမ်းပဲ လျှောက်ပါ အချစ်ကလေးရယ်

ခရောင်းတောထဲက တို့ကို ထားခဲ့ကွယ်

ချစ်ခဲ့ကြတဲ့ အဖြစ်ဟာ အိပ်မက်ပဲ

မင်းဘ၀ နေ့သစ်ရောက်ပြီ မေ့လိုက်ကွယ်

အို … မေ့လိုက်တော့ အချစ်ကလေးရယ်

ကြင်နာတာတွေ အားလုံးမေ့ပစ်လိုက်ပါကွယ်

နိုးတစ်ဝက်တို့ အိပ်မက်လေးပျက်ပြယ်

နာကျင်နေတဲ့ နှလုံးသား ငိုနေလည်း မင်းပျော်ပါစေကွယ်

ရင်မှာ မျှော်လင့်ထားသမျှ ဆုံးရှုံးခဲ့ပေမယ့်

မင်းဘဝအတွက် ကိုယ်ကျေနပ်မိတယ်

ဒါတွေ တစ်နေ့ မင်းနားလည်မယ် အချစ်ရယ်

နှုတ်ဆက်သွားပါကွယ်

ပန်းခင်းလမ်းပဲ လျှောက်ပါ အချစ်ကလေးရယ်

ခရောင်းတောထဲက တို့ကို ထားခဲ့ကွယ်

ချစ်ခဲ့ကြတဲ့ အဖြစ်ဟာ အိပ်မက်ပဲ

မင်းဘ၀ နေ့သစ်ရောက်ပြီ မေ့လိုက်ကွယ်

အို … မေ့လိုက်တော့ အချစ်ကလေးရယ်

အို … မေ့လိုက်တော့ အချစ်ကလေးရယ်

ယုံကြည်တာတွေ အားလုံးစွန့်လွှတ်ခဲ့ပါတယ်

တို့အချစ်ကဆုံနိုင်ဖို့ သိပ်မလွယ်

ရေမှာအရုပ် ရေးမိသလိုပဲ

အချစ်ဟာ အရာမထင်တယ်

ရင်မှာ မျှော်လင့်ထားသမျှ ဆုံးရှုံးခဲ့ပေမယ့်

မင်းဘဝအတွက် ကိုယ်ကျေနပ်မိတယ်

ဒါတွေ တစ်နေ့ မင်းနားလည်မယ် အချစ်ရယ် နှုတ်ဆက်သွားပါကွယ်

ပန်းခင်းလမ်းပဲ လျှောက်ပါ အချစ်ကလေးရယ်

ခရောင်းတောထဲက တို့ကို ထားခဲ့ကွယ်

ချစ်ခဲ့ကြတဲ့ အဖြစ်ဟာ အိပ်မက်ပဲ

မင်းဘ၀ နေ့သစ်ရောက်ပြီ မေ့လိုက်ကွယ်

အို … မေ့လိုက်တော့ အချစ်ကလေးရယ်

မေ့ ပစ် လိုက် အချစ်ရယ်

မေ့လိုက်တော့ အချစ်လေးရယ်

မေ့ ပစ် လိုက် အချစ်ရယ်

မေ့လိုက်တော့ အချစ်လေးရယ်

မေ့ ပစ် လိုက် အချစ်ရယ်

မေ့လိုက်တော့ အချစ်လေးရယ်

Copy Link