သက်ငြိမ်
ကိုယ့်ရဲ့အခန်းငယ်လေးထဲမှာ
နေ့တိုင်း အားငယ်ထိတ်လန့်စွာ
ပုန်းအောင်းနေတစ်ယောက်ထဲ
အလင်းရောင်များပျောက်ဆုံး
အထီးကျန်ကမ္ဘာလေးပဲ
တစ်လောကလုံးရွံမုန်း
စိတ်နာနေဆဲ
ကိုယ့်ရင်ထဲမှာလည်းမှောင်မဲ
ပေကျံကာပူလှောင်နေဆဲ
နေရောင်တစ်ချို့ကအခန်းထဲဝယ်
ဟိုဒီယိမ်းထိုးကခုန်ဆဲ
ရွှေရောင်ပန်းခင်းတစ်ခုလိုပဲ
တွေ့တယ် …
ကိုယ့်ရဲ့စားပွဲအိုလေးထက်မှာ
ပြန့်ကြဲ စက္ကူအပိုင်းအစတွေ
ဆေးလိပ်တိုတွေနဲ့
ကန့်ကော်ပန်းခြောက်တစ်ပွင့်
ဒါသက်ငြိမ်ပန်းချီကားပဲ
စက္ကန့်များရေတွက်
လက်ပတ်နာရီလေးရယ်
ဖျားနာပြီးအိုဆွေးငိုကြွေး
ဂစ်တာဟာအသံမေ့သွားတယ်
အဖန်တစ်ရာဆိုပြီးသား
တေးသွားလည်း
ခေါက်ရိုးများကျိုးနေတဲ့
စာအုပ်ဟောင်းလေးတစ်အုပ်လိုပဲ
ရှိတယ်
လက်ဖက်ရည်တစ်ခွက်စုံမက်
မနက်ကိုကြိုခဲ့
လမ်းတွေမီးလင်းချိန်ည
အစကိုကြိုမယ့်
နေ့ရက်များတိုက်စားသွား
ဘဝဟာဘယ်လိုများလဲ
အခန်းအပြင်ဘက်ထွက်ပြေးပြီး
စြင်္ကာဝဠာအဆုံး
ကောင်းကင်အမိုးဖေါက်ခွဲ
တစ်ယောက်တည်း
ထိုင်နေတာအိပ်မက်တယ်
ယုံကြည်ချက်မျှော်လင့်ချက်
လမ်းမအလယ်
လူတစ်ယောက်မူးလဲနေတယ်
မပီမသဆဲရေးသံရယ်
ကြားတယ်
ပြတင်းပေါက်တံခါးဖွင့်ကြည့်တော့
အား … ညနေခင်းပဲ
လင်းလက်တောက်ပဆဲမှာ
ရုတ်တရက်ပဲ
ကွဲအက်လွင့်ကြွေသွားတယ်
အို … ညနေကြယ်