လွမ်းသူ့ အိမ်မက်

အလွမ်းတခု အတွက် လွမ်းသူ့ အိမ်မက်

J / July 01, 2020

လွမ်းသူ့ အိမ်မက်

ပန်းပွင့်တွေ လှမ်းလင့်ခြွေသံလား
ပြူတင်းတံခါးမှာ နှင်းများလာရိုက်ခတ်
လအရိပ်မှာ ညအိပ်ယာဝင်စဥ်
အိုး တစ်ဆောင်းသစ်ပြန်ပြီ

အသည်းထဲမှာ စွဲမြဲစွာလောင်ကျွမ်း
အနမ်းတစ်ခုဟာ လွမ်းသူ့အိပ်မက်ပေါ့
နှုတ်မဆက်ခင် ရုတ်တရက်ပင်ထွက်သွား
အိုး တစ်ဆောင်းသစ်ပြန်ပြီ

လမ်းထက်မှာ လွမ်းမျက်ရည်စက်များ
အဝေးဆုံးကို ပြေးပုန်းသူ သူ့အတွက်
နှလုံးသားမှာ ဆုံးပါးစွာကြေကွဲ
အိုး တစ်ဆောင်းသစ်ပြန်ပြီ

အနမ်းတစ်ခုအတွက် လွမ်းသူ့အိမ်မက်များ ..

Copy Link